Slideshow Image 2

စရဖအကြီးအကဲတစ်ဦးမှ ကွန်ပြူတာသက္ကသိုလ်ကျောင်းအုပ်အား အတင်းလက်မှတ်ရေးထိုးခိုင်း

ဇွန်လ (၂၀ ) ရက်ည မြစ်ကြီးနားမြို့ပေါ်တွင် ဗမာစစ်သား၏ ပစ်သတ်ခြင်းခံရသော ဂွမ်ဆိုင်းအောင် နှင့်ပါတ်သက်ပြီး ဗမာစစ်တပ် စရဖမှ အကြီးအကဲ တစ်ဦးက ဂွမ်ဆိုင်းအောင် တက်ရောက်လျက်ရှိသော ကွန်ပြူတာ တက္ကသိုလ်သို့ သွားရောက်ကာ ကျောင်းအုပ်ကြီးအား ဂွမ်ဆိုင်းအောင်သည် ဆိုးသွမ်းသောကျောင်းသားတစ်ဦးဖြစ်ကြောင်း လက်မှတ်ရေးထိုးပေးရန် ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကျောင်းအုပ်ကြီးမှလည်း ဂွမ်ဆိုင်းအောင် တက်ရောက်လျက်ရှိသော အတန်းမှ တာဝန်ခံဆရာကိုသာ လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း ကွန်ပြူတာ တက္ကသိုလ်အသိုင်းအဝိုင်းမှ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment