Slideshow Image 2

ငြိမ်းချမ်းရေးဆွေးနွေးပွဲလား၊ မျောက်ပြဆန်တောင်းပွဲလား

မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတာ ဟုတ်၊ မဟုတ်ဆိုတာ အားလုံးသဘောပေါက်ပြီထင်ပါတယ်။ နှိပ်ကွပ်လို့ မီးခဲပြာဖုံး ငြိမ၀်ပ်နေတာနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းသာယာမှုကို မခွဲတတ်လောက်အောင်တော့ တိုင်းရင်းသားတွေ၊ ပြည်သူလူထုတွေ မအလောက်ပါဘူး။ စစ်တပ်ကလိုလားတာ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ ကုန်းဘောင်မင်းဆက်တွေလက်ထက်မှာ ပဲခူး၊ ဒဂုံ၊ မြောင်းမြ၊ သန်လျင်စတဲ့ မွန်ပိုင်နက်တွေကို ၀င်ရောက်ကျူးကျော်သိမ်းပိုက်ပြီး၊ မူလပိုငရှ်င် မွန်လူမျိုးတွေကို အစွန်အဖျားဘက် တွန်းပို့ခဲ့တဲ့ နည်းဗျူဟာအတိုင်းပဲ၊ လက်ရှိစစ်တပ်ဟာလဲ တိုင်းရင်းသားဒေသတွေကို ကျူးကျော်ပြီး၊ မြန်မာ့ပိုင်နက်အဖြစ် သိမ်းသွင်းနိုင်ရေး လုပ်နေတာပါ။ အမျိုးမျိုး ရန်စပြီး တိုက်ခိုက်ပါလိမ့်မယ်။ စခန်းတစ်ခုပြီး တစ်ခုသိမ်းပါလိမမ့်ယ်။ အပြောတစ်မျိုး အလုပ်တစ်မျိုး၊ ကမ္ဘာကို တစ်မျိုးပြော လက်တွေ့မှာ တစ်မျိုးလုပ်နဲ့ ကလိမ်ကျပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးပမ်းပါလိမ့်မယ်။ ဒါကို မသိဘဲ (မသိချင်ယောင်ဆောင်တာပဲဖြစ်ဖြစ်)၊ ကားပါမစ်တွေရရုံ၊ စီးပွားရေးလုပက်ွက်တွေရရုံ၊ နေပြည်တော်မှာ အရက်ခေါ်တိုက်ရုံနဲ့ ကျေနပ်ပြီး၊ သွေးနားထင်ရောက်နေရင်တော့ ဇာတ်သိမ်းလှဖို့ မရှိဘူးဗျို့။

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာလေး "အယောင်ပြ" ကျင်းပလိုက်၊ သူများတပ်စခန်းကို "မတော်တဆ" ၀င်ပစ်လိုက်၊ ကမ္ဘာပတ်ပြီး "မျောက်ပြဆန်တောင်း"လုပ်လိုက်၊ သဘောတူထားပြီးသား အချက်တွေကို "ဘွားတေး"ခတ်ပြီး ပြန်ပြင်လိုက်နဲ့ မှုန့်လုံးစက္ကူကပ်နေတာ ကြာပြီမဟုတ်လား။ တိုင်းရင်းသားတွေ လုံးပါးပါးသွားအောင် ဖင်လှည့်ခေါင်းလှည့်နဲ့ အချိန်ဆွဲပြီး၊ ပိတ်လေးပိတ်နဲ့ ချောင်ကိုပို့နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ တရားမျှတမှုကို ဘယ်တောမှ့ မကောင်းဆိုးဝါးတွေဆီမှာ မရှာနဲ့။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ နိုင်ငံရေးအဖြေရှာမှုဆိုတာကို ဘယ်တော့မှ မြန်မာ့တပ်မတော်ဆီက မမျှော်လင့်နဲ့။ ဒါဆို ဘာလုပ်ရမှာလဲ။

မပေးရင်(မလုပ်ရင်) မဖြစ်တော့တဲ့ အခြေနေ၊ ကျဉ်းထဲကျပ်ထဲကိုမှ မရောက်ရင် စစ်တပ်ဆီက ဘာမှမထွက်ဘူး။ စိတ်ကောင်း၊ စေတနာကောင်းနဲ့ အသိရှိရှိ လုပ်ဆောင်မှု ဘာမှမရှိဘူး။ ၁၉၉၃ ကစခဲ့တဲ့ အမျိုးသားညီလာခံနဲ့ အခြေခံဥပဒေ၊ သောင်တင်ရေမကျနဲ့ အချိန်ဆွဲထားတာ၊ ဘယ်လိုမှ မျက်နှာပြောင်ဆက်တိုက်လို့ မရတော့တဲ့ အကျပ်အတည်းထဲရောက်မှ ဟန်ဆောင်ပန်ဆောင်၊ ၀တ်စုံထလဲလိုက်တာ မဟုတ်လား။

ဒါကြောင့် တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ မြန်မာအစိုးရ(စစ်တပ်)ကို မလုပ်ရင်မဖြစ်တော့တဲ့ အနေအထားထဲရောက်အောင် တွန်းပို့နိုင်ဖို့လိုပါတယ်။ ဗမာပြည် ဗြိတိသျှဆီက လွတ်လပ်ရေးရတာဟာ ဘီအိုင်အေက စစ်တိုက်တော်လို့မှ မဟုတ်ပဲ။ အင်္ဂလိမ်အခက်၊ ဗမာ့အချက်ဆိုပြီး အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်လို့ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားတပ်တွေ မြန်မာစစ်တပ်ကို ဘယ်လိုမှ ယှဉ်မတိုက်နိုင်ဘူး၊ အနှေးနဲ့အမြန်ဆုတ်ခွာရမှာပဲ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ တပ်အင်အားတွေဟာ နိုင်ငံရေးအဖြေရှာမှုမှာ တိုင်းရင်းသားလူထုအတွက် Symbolic Icon ပုံစသာံရှိပါတယ်။ ဒါကြောင့် လက်နက်ကိုင်တိုက်ခိုက်ရေးလမ်းစဉ်အစား နိုင်ငံရေးလမ်းကြောင်းဘက်ကနေ ချဉ်းကပ်တတ်ဖို့လိုပါတယ်။ ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးရဲ့ လူထုအင်အား၊ တိုင်းရင်းသားအဖွဲ့အစည်း(တပ်)တွေရဲ့ စည်းလုံးမှု၊ နိုင်ငံတကာကို ဆက်သွယ်စည်းရုံးနိုင်မှု စတာတွေနဲ့ မြန်မာအစိုးရကို ဖိအားပေး၊ ချောင်ပိတ်မိအောင် လုပ်မှရမယ့်အခြေအနေဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှန်မှန်တက်၊ သူများနဖားကြိုးထိုးပြီး ဆွဲခေါ်ရာအတိုင်းလိုက်ပြီး ကြိးဆွဲရာက၊ လက်ချင်းတွဲပြီး ဓာတ်ပုံရိုက်ပြ၊ ဒါတွေနဲ့တင် မြန်မာအစိုးရနာမည်ကောင်း ရသွားတယ်၊ Sanction တွေကနေ ကင်းလွတ်ခွင့် ရသွားတယ်။ တိုင်းရင်းသားတွေအတွက် လက်တွေ့မှာ ဘာအကျိုးမှ ထူးမလာဘူး။ နိုင်ငံရေးအဖြေရှာမှုမှာလဲ ဘာရလာဒ်မှ မထွက်ဘူး။

စစ်တပ်ဆီက ငြိမ်းချမ်းရေးဘက်ဦးတည်တဲ့ အရိပ်လက္ခဏာတစ်စုံတစ်ခုမှ မတွေ့ရရင်တော့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လုပ်နေဖို့ အကြောင်းမရှိတော့ပါဘူး။ သေနတ်နဲ့ချိန်ပြီး စကားပြောတာဟာ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတာမဟုတ်ဘူး။ ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအတွက်မဟုတ်ဘဲ၊ အသက်သာဆုံး ဒူးထောက်အရှုံးပေးနိုင်ရေးအတွက်ပဲ။ ဒါကြောင့် ဒီလို ဆွေးနွေးပွဲမျိုး ဆက်ဆွေးနွေးမယ့်အစား ကားပါမစ်ယူပြီး၊ နေပြည်တော်မှာ သက်သက်သာသာ ၀င်ရောက် ခစားလိုက်ကြပေတော့။

ဒါကြောင့်...၊ မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေးလိုလားပါတယ်ဆိုတဲ့ လက္ခဏာပြပါမှ ငြိမ်းချမ်းရေးဆက်ဆွေးနွေးဖို့ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံး သဘောထားထုတ်ပြန်ဖို့ လိုပါတယ်။ စိတ်ဓာတ်ဖြူစင်ရင်၊ စေတနာမှန်ရင် ငြိမ်းချမ်းရေးက နီးနီးလေးပါ။ နဂိုကတည်းကရှိတဲ့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေကလွဲလို့၊ စစ်ဆင်ရေးရည်ရွယ်ချက် နယ်မြေစိုးမိုး (သိမ်းပိုက်)ရေး ရည်ရွယ်ချက်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာ ရောက်ရှိနေတဲ့ အောက်ပြည်အခြေစိုက် တပ်အင်အားတွေ ပြန်ဆုတ်သွားရင် အခြေအနေက ကောင်းတဲ့အပြင် ဟိုဘက်တောင် လွန်နေပါဦးမယ်။ ဒါလေးတစ်ခုမှ မလိုက်လျောနိုင်ရင်တော့၊ “မပြေးသော်လည်း ကန်ရာရှိ” ဘကြီးပြောင် ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ ရေပေါ်မျောတဲ့ကျောက်ဖျာလို ဗလာနတ္ထိ၊ အချင်းမရှိမှန်း ပေါ်လွင်နေမှာပေါ့။

ကေအိုင်အို ငြိမ်းချမ်းရေးကိုယ်စားလှယ်အားလုံးကို နောက်တစ်ခါထပ်ပြီး တိုကတ်ွန်းပါရစေ၊ ခရာတောင်ကြော တစ်လျှောက်သာမက၊ လိုင်ဇာပတ်ပတ်လည်မှာ ဖြန့်ကျက်တပ်စွဲထားတဲ့ တပ်စခန်းတွေ၊ လက်နက်ကြီးတွေအပါအ၀င်၊ ကချင်ပြည်နယ်အတွင်းမလိုအပ်ဘဲ  ရောက်ရှိတပ်စွဲထားတဲ့   အောက်ပြည်ကတပ်တွေမှ မရုတ်သိမ်းရင် ငြိမ်းချမ်းရေးဆက်ဆွေးနွေးစရာ အကြောင်းမရှိဘူး။ အလားတူ နိုင်ငံအနှံ့ တိုင်းရင်းသားဒေသတွေမှာ ကျူးကျော်တပ်စွဲထားတဲ့ မြန်မာစစ်တပ် ပြန်မဆုတ်ရင်၊ ငြိမ်းချမ်းရေးလိုလားတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်မတက်ပါနဲ့။ ကချင်ပြည်သူလူထုတစ်ရပ်လုံး ကေအိုင်အိုနဲ့အတူ ရပ်တည်လျက်ရှိပါတယ်။ ကချင်လူထသုာမက စစ်မှန်တြဲ့ငိမ်းချမ်းရေးနဲ့ တရားမျှတမှုကို မြတ်နိုးတန်ဖိုးထားတဲ့ နိုင်ငံအ၀ှမ်းက တိုင်းရင်းသားအားလုံးကလဲ ကေအိုင်အိုနဲ့အတူ ရပ်တည်ကြမှာပါ။

ဒီလို အမှန်တရားဘက် မားမားမတ်မတ်ရပ်တည်မှုကနေတဆင့် မြန်မာအစိုးရနဲ့ စစ်တပ်ရဲ့ စဉ်းလဲမှုကို နိုင်ငံတကာက ပြတ်ပြတ်ထင်ထင်မြင်လာပြီး စစ်မနှ်တဲ့ငြိမ်းချမ်းရေးအတွက် အရွေ့တွေ ဖြစ်လာမှာပါ။

"သူများယောင်လို့လိုက်ယောင၊် အမောင် တောင်မှန်း၊ မြောက်မှန်းမသိ" ဆိုသလို၊ လက်ခုတ်တီးရင် ဝှေးတက်အောင်ကတဲ့သူတေလို မျောက်ပြဆန်တောင်းအဖြစ်တော့ ကိုယ့်ကချင်ခေါင်းဆောင်တွေအပြင် ဘယ်တိုင်းရင်းသားခေါင်းဆောင်ကိုမှ မရောက်စေချင်ပါဘူး။   ရောက်နေပြီဖြစ်တဲ့ သူတွေကိုလဲ ကိုယ့်အခြေအနေကိုယ် သဘောပေါက်ပြီး အမြန်ဆုံး အမြင်မှန်ရဖို့ ဆုတောင်းပေးလိုက်ပါရဲ့။

Hpunggan Duwa

0 comments:

Post a Comment