Slideshow Image 2

အပြစ်မဲ့ရွာသားများကို ဗမာစစ်တပ်မှ သေလုမျောပါးနှိပ်စက်

ဗမာအစိုးရတပ် ခလရ (၅၀၇) တပ်သည် မတ်လ (၂၅) ရက်နေ့တွင် ရှမ်းပြည်နယ် ခလေန်ကျေးရွာမှ ဦးဆွမ်းလွတ်ဂွန်ဝမ် အား အပြစ်မဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး သေလုမျောပါး ရိုက်နက် နှိပ်စက်ခဲ့ကြောင်း သတင်းရရှိပါသည်။  ဦးဆွမ်းလွတ်ဂွမ်ဝမ်သည် ဗမာစစ်သားများ၏ မတရားရိုက်နက် မှုကြောင့် သေလုမျောပါး ဖြစ်ခဲ့ရပြီး ရွှေလီဆေးရုံမှ လက်ခံကုသမှုမပြုလုပ်နိုင်သောကြောင့် ယခုအခါ မန်ရှီ ဆေးရုံသို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်မှ ၂၀၁၃ ခုနှစ်တွင်လည်း ဦးဆွမ်းလွတ်ဂွမ်ဝမ်၏ သား မောင်ဆွမ်းလွတ်ဂွန်ဒင့်အားလည်း ဖမ်းဆီးကာ နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း နှင့် ဦးဆွမ်းလွတ်ဂွမ်ဝမ်၏ ညီ ဦးဆွမ်လွတ်ဂွမ်တန်အားလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment