MATUT HTI NA »
ဗမာစစ်သားများ၏ မဒိမ်းကျင့်ခံရသော မချာဆီးဟဲ့၏ ထွက်ဆိုချက်
ကချင်ပြည်နယ် ပူတာအိုဒေသမအခြေစိုက် ဗမာစစ်တပ်မတော်မှ လီဆူးအမျိုးသမီး (၃) ဦးအား အဓမ္မဖမ်းဆီးခေါ်ဆောင်ကာ (၃) ည (၄) ရက် နေ့စဉ်ညဆက် ဆော်ကားပြုကျင့်ကြကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ပူတာအိုဒေသ၊ မချမ်းဘောမြို့နယ် ကောင်းမှုလုံ ဘုရားပွဲကျင်းပစဉ် နိုင်ငံတော်အစိုးရ တပ်မတော် (မုဒိန်းတပ်မတော်) မှကျေးရွာသူ (၃) ဦးအား ၂၄.၂.၂၀၁၃ တနင်္ဂနွေ ညနေပိုင်းတွင် မူလာရှီးဒီးကျေးရွာသူ လီဆူအမျိုးသမီးများဖြစ်ကြသော မဆော်ဆာနာ၊ မချာဆီးဟဲ့၊ မလယ်မယ်နာတို့သုံးဦးသည် သုံးဘီးကားဖြင့် ကောင်းမှုလုံဘုရားပွဲသို့ သွားခဲ့ရာပွဲခင်းလှည့်ပြီး အပြန်ခရီးမှာ သုံးဘီးမရှိသဖြင့် ခြေကျင် လျှောက်ပြန်ခဲ့ကြကြောင်း၊ ထိုစဉ် ဗမာတပ်မတော်သားများဖြစ်ကြသော ဦးရင်တန်နှင့် ဦးအောင်မျိုးထိုက်၊ ဦးပြည့်ဖြို့နှင့် အဖော်တစ်ယောက်တို့မှ ဆိုင်ကယ်ဖြင့်ပို့ပေးမည်ဟု လိမ်လည်ခေါ်တင်ကာ တစ်တပ်လုံးမှ အဓ္မမ မုဒိန်းကျင့်မှုများ ပြုကျင့်ကြသောကြောင့်ဒေသခံများနှင့် လီဆူအမျိုးသားများက တပ်မတော်ကို အငြိုးအတေးဖွဲ့ မကြေနပ်မှုများ ပြင်းထန်နေကြကြောင်း သိရှိရပါသည်။ ၎င်းဖြစ်စဉ်အားလုံးကို မချာဆီးဟဲ့မှ ထွက်ဆို တိုင်ကြားထားခြင်းကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
MATUT HTI NA »
ဗမာစစ်တပ်မှ ဘုရားကျောင်းဝင်းအတွင်း ရွှေတူးဖော်
မေ (၁၄) အင်္ဂါ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော မြစ်ကြီးနား - ဗန်းမော် ကားလမ်းပေါ်ရှိ နမ်ဆန်ယန် လီဆူးနှစ်ခြင်းဘုရားကျောင်းဝင်းအတွင် ဗမာအစိုးရ စစ်တပ်မှ ရွှေတူးဖော်နေကြာင်း သတင်းရရှိပါသည်။ နမ်ဆန်ယန်၊ ဒွမ်ဘန်ဘွမ်တွင် တပ်စွဲထားသော ဗမာအစိုးရ စစ်တပ်များသည် မြကူးသွယ် ကုမ္မဏီနှင့်ပူးပေါင်းကာ ရွှေတူးစက် (၃) လုံးဖြင့် လီဆူး နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းအတွင်း ရွှေတူးဖော်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။MATUT HTI NA »
ဗမာစစ်တပ်မှ ပြည်သူများ၏ အိုးအိမ်ဖျက်ကာ တပ်စခန့်တည်ဆောက်
မေ (၁၃) တနင်္လာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော ဂန်ဒေါင်ယန် ကျေးရွားအခြေစို့ ဗမာအစိုးရ၏ တပ်မ (၃၃) လက်အောက်မှ စစ်ကြောင်းများသည် မေလ (၁၃) ရက် မနက် (၈း၃၀) နာရီ အချိန်ခန့်တွင် အရပ်သားပြည်သူများ၏ အိုးအိမ်များကို ဖျက်ယူကာ၊ ဂန်ဒေါင်ယန် ဆုတောင်းတောင်ကုန်းပေါ်၌ စစ်တပ် စခန်းများကို တည်ဆောက်နေကြောင်း သိရှိရပါသည်။ ဗမာအစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုသည် ကချင်ပြည်သူများအတွက် ပိုပိုပြီး ဒုက္ခတွင်းထဲသို့ ကျရောက်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်းနှင့် ဗမာအစိုးရ၏ ငြိမ်းချမ်းရေး လှည့်ကွက်ထဲသို့ ကေအိုင်အိုအစိုးရ မြောပါသွားမည်ကို ဒေသခံပြည်သူများ စိုးရိမ်မကင်း ဖြစ်နေကြကြောင်းလည်း သိရှိရပါသည်။MATUT HTI NA »
နမ့်ဟူကျေးရွာတွင် တိုက်ပွဲဖြစ်ပွား
မေ (၁၃) တနင်္လာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက် တပ်ရင်း (၃၆) ဒေသ ပန်ဆိုင်းကျေးရွာဘက်မှ ထိုးစစ်ဆင်လာသော ဗမာအစိုးရ ခလရ (၂၄၂) တပ်ရင်းမှ စစ်ကြောင်းများနှင့် ကေအိုင်အေ တပ်ရင်း (၃၆) တပ်ခွဲ (၅) မှ ကေအိုင်အေ ပြည်သူ့စစ် မျိုးချစ်ရဲဘော်များ မေလ (၁၀) ရက် မနက် (၈း၃၀) နာရီအချိန်ခန့်တွင် နမ့်ဟူတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
MATUT HTI NA »
ဗမာစစ်ကြောင်းမှ ရွားသားတစ်ဦးကို ခုတ်သတ်ပြီး ချောင်းထဲပစ်ချ
မေ (၁၃) တနင်္လာ
ရှမ်းပြည်မြောက်ပိုင်း ဘန်ခမ်းနယ် မန်ဆော်ကျေးရွာမှ ရှမ်းအမျိုးသား ဦးအောင်လ (အသက် ၄၁) နှစ်ကို ဗမာအစိုးရစစ်သားများမှ မေလ (၁၀) ရက်နေ့ ညနေပိုင်း (၃း၀၀) နာရီခန့်အချိန်တွင် ဓါးနှင့်ခုတ်သတ်ပြီး အင်မောင်ချောင်း အတွင်းသို့ ပစ်ချခဲ့ကြောင်း သတင်းရရှိပါသည်။ ဦးအောင်လ သည် မန်ဂွန်ရှိ စိုက်ချင်းသို့ အသွားတွင် အမည်မသိ ဗမာစစ်ကြောင်းမှ ဖမ်းဆီးသတ်ဖြတ်ပြီး ယခုကဲ့သို့ ချောင်းအတွင်းသို့ ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။MATUT HTI NA »
မြွေမြွေချင်း ခြေမြင်
တိုင်းရင်းသားဒေသဆီ ဗမာတပ်တွေ ရောက်လာသည်မှာ နှစ် ၆၀ ကျော်ခဲ့ပြီ။ ဗမာတပ်ရောက်လျင် မကြာခင် ဗမာရပ်ကွက်၊ ဗမာရွာဖြစ်လာသည်။ သူတို့ဇာတိဆီ ဘယ်တော့မှ မပြန်တော့။ ရောက်သည့်နေရာမှာ အခြေချသည်။ ကြုံရာကျပန်း လုပ်ကိုင်စားသောက်သည်။ ဒေသခံ တိုင်းရင်းသူ၊ တိုင်းရင်းသားတွေနှင့် ညားသည်။ ကလေးရတော့ ကပြားလေးတွေ ဖြစ်ကုန်သည်။ နောက်မျိုးဆက် တစ်ဆက်လောက်ကြာတော့ ဘာလူမျိုးလို့ ပြောရမည်မှန်း မသိကြတော့။ ဗမာစကားပြော၊ ဗမာယဉ်ကျေးမှုထဲမှာနေပြီး ဗမာဖြစ်ကုန်သည်။ မှတ်ပုံတင်မှာ ရှမ်း-ဗမာ၊ ဗမာ-မွန်၊ ကချင်-ဗမာရေးထားပေမဲ့ ဘယ်ဘက်ကမှ လိုလိုချင်ချင် မရှိ ဖြစ်တတ်သည်။
သေချာသည်မှာ ဤပြည်နယ်၏ မှတ်ပုံတင်ကိုင်ထားသည်မို့ ဤဒေသမှာ မဲပေးနိုင်သည်။ ကိုယ်ကိုယ်တိုင်က တိုင်းရင်းသားသွေး နည်းနေပြီမို့ ကိုယ်မ၀င်ဆံ့သည့် တိုင်းရင်းသားပါတီများကို မဲပေးမည်လော။ ဖူးဖူးမှုတ်ပါတီကို မဲပေးမည်လော။
ဒီလို ဖြစ်နေတာ နှစ် ၆၀ ကျော်ပြီ။ အရင်က ဗမာမရှိသည့် တိုင်းရင်းသားဒေသတွေမှာ ယခု ဗမာရပ်ကွက်လိုက်ရှိသည်။ ဗမာအများစုနေထိုင်ရာ ဒေသတွေမှာ ဤသို့ တိုင်းရင်းသားများ အုပ်စုလိုက် ရွှေ့ပြောင်းအခြေချနေထိုင်သည်ဆို၍ မရှိချေ။ တိုင်းရင်းသားရွာ ရှိလျင်လည်း ရှေးယခင်ကတည်းက အခြေချနေထိုင်ခဲ့ခြင်းသာ ဖြစ်သည်။
(ရန်ကုန်လို ဒေသဆီ ရွှေ့ပြောင်းလာကြတာတော့ ရှိသည်။ သို့သော် ဒါက ဗမာဒေသဟု ပြောဖို့ ခက်သည်။ မွန်တွေဆီက ဗမာမင်းများ လုယက်သိမ်းပိုက်ထားတာသာ ဖြစ်သည်။ မွန်၊ ရခိုင်၊ ကရင်၊ ဗမာ စုပေါင်းနေထိုင်ကြသည်မို့ ပြည်ထောင်စုနယ်မြေစစ်စစ် ဖြစ်ထိုက်သည့် ဒေသသာဖြစ်သည်။)
ဗမာလူမျိုးများ တိုင်းရင်းသားဒေသဆီ ပြောင်းရွှေ့အခြေချသလို၊ အရှေ့ဆီက တရုတ်နှင့် အနောက်ဆီက ဘင်္ဂလီတို့ကလဲ တရွေ့ရွေ့ စိမ့်ဝင်လာကြပြီ။ ဗမာတွေ နယ်ချဲ့သလို၊ သိသိသာသာ စစ်တပ်လိုက် (လက်နက်ကိုင်ပြီး) ၀င်လာခြင်း မဟုတ်သေး၊ ဒေသခံတွေကို သေနတ်ပြပြီး ခြိမ်ခြောက်၊ အနိုင်ကျင့်၊ မုဒိမ်းကျင့်တာမျိုး မလုပ်သေး၊ သို့သော် တစိမ့်စိမ့် ငြင်သာစွာ ၀င်လာသည်ကိုပင် ဖင်ပြဲအောင် အော်နေကြပြီ။ မြွေမြွေချင်း ခြေမြင်နေကြသည်။ ဘင်္ဂလီတွေ မဲပေးခွင့်ရသွားမှာ၊ တရုတ်တွေ လွှတ်တော်ထဲ ၀င်ထိုင်မှာ ကြောက်နေကြပြီ။
နှစ်ပေါင်းများစွာ စိမ့်ဝင်ဝါးမျိုခံခဲ့ရသည့် တိုင်းရင်းသားများကို နည်းနည်းတော့ အားနာသင့်သည်ဟု ထင်သည်။
သဗ္ဗေသတ္တာ ကမ္မတကာ။
မောင်ရေခဲ
MATUT HTI NA »
မင်းတို့ရဲ့ ပြည်ထောင်စု
တိုင်းရင်းသားများက ပြည်ထောင်စုကို ဒီလို၊ ဒီလိုတည်ဆောက်မည်ဟု ပြောသည်။ ပြည်မက ဟိုလို၊ ဟိုလို တည်ဆောက်မှ ပြည်ထောင်စုဟု ပြောသည်။ နှစ်ဦးနှစ်ဘက်လုံးက ပြည်ထောင်စု အကြောင်းပြောနေပါလျက်နှင့် ညှိလို့ မရခြင်းသည် ပြည်ထောင်စုနှစ်ခု မတူလို့ပင် ဖြစ်ရမည်။
လက်ရှိပြည်ထောင်စုကြီးကို ကြည့်ရတာ ဗမာအနံ့အသက်ချည်းသာ ဖြစ်သည်။ ကျန်တဲ့ တိုင်းရင်းသားများရဲ့ အရိပ်အယောင် ဘာမှ မတွေ့ရ။ ဗမာတို့ရဲ့နိုင်ငံမှာ ကျန်တိုင်းရင်းသားများ လာရောက်နေထိုင်နေသလို ခံစားနေရတာ မဆန်းပါ။ နေပြည်တော်ဟုခေါ်သော မြို့ကြီးမှ ဗမာမင်းများ၏ လွှတ်တော်သဖွယ် နန်းပြသာဒ်ဆောင်များတွင် လွှတ်တော်တက်ရသည်။ ရှေးဗမာမင်းများ၏ အဆောင်အယောင် ကျိုင်းဆိုတာကြီးကို ထမ်းပြီး ဗမာတိုက်ပုံနှင့်လူ ၀င်လာလျင် မတ်တပ်ရပ်ပေးကြရသည်။ “မှန်ပါ့ ဘုရား” မထူးရသည်ပင် ကံကောင်းလှပြီ။
မိမိတို့ကိုယ်တိုင်က မဟာဗမာဝါဒစွဲကိုင်ပြီး၊ ဗမာယဉ်ကျေးမှုများဖြင့် နိုင်ငံတည်ဆောက်ထားပါလျက် ပြည်ထောင်စုဖြစ်ချင်သေးသည်။ ဒီပြည်ထောင်စုထဲမှာ တိုင်းရင်းသားတို့နှင့် ဆိုင်တာ ဘာမှ မတွေ့ရ။ ဗမာနှင့် တခြားတိုင်းရင်းသားများ၏ အမျိုးသားရေး အခွင့်အရေးကလဲ မိုးနှင့်မြေလို့ ကွာသည်။ တိုင်းရင်းသားများ၏ စိတ်ထဲတွင် မင်းတို့ရဲ့ပြည်ထောင်စုဟု သတ်မှတ်ထားသည်မှာ မဆန်းတော့ချေ။
သဗ္ဗေသတ္တာ ကမ္မတကာ။
မောင်ရေခဲ
MATUT HTI NA »
ထာဝရငြိမ်းချမ်းရေး
ငြိမ်းချမ်ရေးဆွေးနွေးပွဲတွေ လုပ်ကြတာ အားရစရာ ကောင်းလှသည်။ သို့သော် အစိုးရက ထာဝရငြိမ်းချမ်းရေးဟု ပြောပြီး၊ ကေအိုင်အိုက စစ်မှန်သောငြိမ်းချမ်းရေးဟု ပြောသည်။
အစိုးရ၏ သဘောကတော့ စစ်မှန်သည်ဖြစ်စေ၊ အတုပင်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ ကောက်ကျစ်သည်ဖြစ်စေ၊ ဒီတစ်ခေါက်တော့ ထာဝရငြိမ်းချမ်းသွားရမည်ဟု ဆိုလိုပုံပေါ်သည်။ တစ်နည်းပြောရသော် သေနတ်ချိန်ထားပြီး ဆွေးနွေးပွဲလုပ်မည်၊ အဆင်မပြေပါက စစ်ရေးအရ ထာဝရငြိမ်းချမ်းပစ်လိုက်မည် ဆိုသည့်သဘောမျိုး ဖြစ်သည်။ ဒေါက်တာစိုင်းမောက်ခမ်းက ထာဝရငြိမ်းချမ်းရေး မရ ရအောင် ယူမည်ဟု ကြုံးဝါးထားပါ၏။ ဘူးလက်မြင့်ဆွေကလဲ လွှတ်တော်ထဲမှာ ဒီအတိုင်း ပြောထားသည်။
ဖြစ်တော့ ဖြစ်နိုင်သည်။ မြောက်ကိုးရီးယား၏ အနုမြူထိပ်ဖူးကြီးကို နေပြည်တော်တွင် လာဖောက်ခွဲလိုက်ပါက ဒင်းတို့တစ်သိုက်လုံး ထာဝရငြိမ်းချမ်းသွားနိုင်ချေ ရှိသည်။
သဗ္ဗေသတ္တာ ကမ္မတကာ။
မောင်ရေခဲ
MATUT HTI NA »
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုသည့်အကြောင်း မရဲတရဲ ပြောဆိုဆွေးနွေးလာကြတာ မြင်ရသည်။ ကောင်းပါပေ့ .. ကောင်းပါပေ့။ Something is better than nothing ဟုပင် ဆိုကြတာကိုး။
ကျနော်ကတော့ အရေးတကြီး ပြင်ဆင်စရာအချက် တစ်ချက်ကို သတိထားမိသည်။ နိုင်ငံတော်သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်တွင် စစ်ရေးအမြင်ရှိသူဖြစ်ရမည် ဟူသော အချက်ပင် ဖြစ်သည်။ လက်ရှိသမ္မတကြီးကို ကြည့်ပါ။
ကချင်တွေကို ထိုးစစ်မဆင်ရန် အမိန့်ပေးသည့်အခါ (အဲ ဟုတ်ပါဘူး) ညွှန်ကြားသည့်အခါ တပ်မတော်က နယ်မြေစိုးမိုးရေး ပြောင်းလုပ်သည်။ ထိုးစစ်ဆင်ခြင်းမရှိဟု သမ္မတက သတင်းထုတ်ပြန်သည့်အချိန် ကေအိုင်အေ ခြေကုတ်စခန်း(၃)ခုလောက်ကို သိမ်းထားပြီး ဖြစ်သည်။ ထိုးစစ်ဆင်သော်လဲ လေယာဉ်မသုံးပါဟု သမ္မတပြောသည့်အခါ တပ်မတော်၏ လေကြောင်းထိုးစစ် ရုပ်သံသတင်းကို နိုင်ငံခြားသတင်းဌာနများက ထုတ်လွှင့်ပြသနေသည်။ အသုံးပြုပါသော်လည်း အုပ်ချုပ်ရေးလုပ်ငန်းအတွက်သာ သုံးရခြင်းဖြစ်သည်ဟု သမ္မတက ပြောစဉ်၊ တပ်မတော်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ကေအိုင်အေက ပစ်ချလိုက်သည်။ မလွှဲမရှောင်သာသဖြင့် (တစ်နည်းဆိုရသော် အခြေအနေ မဟန်သဖြင့်) လေကြောင်းပစ်ကူယူရကြောင်း သတင်းရှင်းလင်းနေစဉ်တွင် ဒေါ်လာသန်းချီကုန်နှင့်ပြီ ဖြစ်သည်။ ကန့်သတ်ထိုးစစ်ကို ရပ်တန့်ကြောင်းကြေညာပြီး နှစ်ရက်၊ သုံးရက်အကြာတွင်မှ ခယာဘွမ်ပို့စ်ကို တပ်ရင်းလိုက်ရင်းပြီး တက်သိမ်းသည်။
တော်ရုံတန်ရုံ စစ်ရေးအမြင်ရှိရုံမက တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ လက်ရှိသမ္မတကြီး၏ အမိန့်ညွှန်ကြားချက်များသည်ပင် တပ်မတော်၏ အမိန့်နာခံမှုဆိုတာကြီးကို မမီမကမ်းဖြစ်နေသည်ဖြစ်ရာ စစ်ရေးအမြင် မရှိသူတစ်ဦးသာ သမ္မတဖြစ်လာပါက၊ သမ္မတနှင့် တပ်မတော်အကြား ရင်ကြားကော၊ ဖင်ကြားပါစေ့နိုင်မည် မထင်ပါ။
ထို့ကြောင့် ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဆိုပါက သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်တွင် “သမ္မတသည် စစ်ရေးအမြင်ရှိရမည်” ဟူသောအချက်အစား “သမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမည်” သို့မဟုတ် “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော် သမ္မတဖြစ်ရမည်” ဟု ပြင်ဆင်သင့်ကြောင်း နှက်ကြောင်းပေးလိုက်ရပါသည်။
သဗ္ဗေသတ္တာ ကမ္မတကာ။
မောင်ရေခဲ
MATUT HTI NA »
တပ်ရင်း (၉) နမ့်မူကျေးရွာတွင် တိုက်ပွဲဖြစ်ပွား
မေ (၉) ကြာသာပတေး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေတပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၉) ဒေသဖြစ်သော နမ့်မူကျေးရွားတွင် မေလ (၈) ရက်နေ့ ညနေ (၃း၃၀) နာရီအချိန်ခန့်တွင် တပ်ရင်း (၉) မှ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ၏ ကွတ်ခိုင်အခြေစိုက် ခလရ (၂၄၁) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရ၏ စစ်တပ်များသည် ကေအိုင်အိုအစိုးရ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေများသို့ စစ်အင်းအားများ တိုးချဲ့မှုကြောင့် တိုက်ပွဲများ နေ့စဉ်နေတိုင်း ဖြစ်ပွားလျှက်ရှိကြောင်း သိရှိရပါသည်။
MATUT HTI NA »
ကေအိုင်အေ တပ်ရင်း (၃၆) တွင်တိုက်ပွဲပြင်းထန်
မေ (၄) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၄) ဒေသ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၆) နယ်မြေဖြစ်သော ဖိုင်ကောန် ကျေးရွား အနီးတွင် မေ (၂) ရက်နေ့ ညနေပိုင်း (၇း၄၅) နာရီခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ကွတ်ခိုင်အခြေစိုက် ဗမာအစိုးရ စစ်တပ် ခမရ (၂၄၂) တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည် ကေအိုင်အိုအစိုးရနှင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးချိန်ကာလတွင် ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေများဖြစ်သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် စစ်အင်းအား၊ လက်နက်အင်းအားများ ပိုမိုတို့ချဲ့ လာသည်မှာ ဗမာအစိုးရဘက်မှ ငြိမ်းချမ်းရေးကို အမှန်တကယ် မလိုလားကြောင်း ပေါ်လွင်နေသည်ဟု ဒေသခံပြည်သူများမှ ပြောဆိုနေကြသည်ကို သိရှိရပါသည်။
MATUT HTI NA »
တပ်ရင်း (၃၈) မန်ဂျပ်အနီးတိုက်ပွဲဖြစ်ပွား
မေ (၄) သောကြာ
ကေအိုင်အိုအစိုးရ တပ်မဟာ (၄) အုပ်ချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင် ကေအိုင်အေ တပ်ရင်း (၃၈) ဒေသဖြစ်သော မန်ဂျပ် အနီးတွင် မေလ (၂) ရက်နေ့ နေ့လည် (၁း၃၀) နာရီအချိန်ခန့်တွင် ကေအိုင်အေ တပ်ရင်း (၃၈) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်စွား ဖြစ်ပွါားခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော ကေအိုင်အေ တပ်မဟာ (၄) ဒေသများတွင် နေ့စဉ်ရက်ဆက် တိုက်ပွဲများ နေရာအနံ့ဖြစ်ပွားနေလျက်ရှိကြောင်း ကိုလည်းဆက်လက်သိရှိရပါသည်။
ကေအိုင်အိုအစိုးရ တပ်မဟာ (၄) အုပ်ချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင် ကေအိုင်အေ တပ်ရင်း (၃၈) ဒေသဖြစ်သော မန်ဂျပ် အနီးတွင် မေလ (၂) ရက်နေ့ နေ့လည် (၁း၃၀) နာရီအချိန်ခန့်တွင် ကေအိုင်အေ တပ်ရင်း (၃၈) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်စွား ဖြစ်ပွါားခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော ကေအိုင်အေ တပ်မဟာ (၄) ဒေသများတွင် နေ့စဉ်ရက်ဆက် တိုက်ပွဲများ နေရာအနံ့ဖြစ်ပွားနေလျက်ရှိကြောင်း ကိုလည်းဆက်လက်သိရှိရပါသည်။MATUT HTI NA »
မိုက်မဲသောအစိုးရစစ်သား တစ်ချို့ကြောင့် ခရီးသည်များစိတ်ညစ်ရ
ကျွန်တော် ဒီညနေ မြစ်ကြီးနား ပြန်ရောက်သည်။ လွယ်ဂျယ်မှ ပြန်လာခဲ့သည်။ အစိုးရနှင့် KIO တို့ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး မတ်လ (၁၈) ရက်နေ့ မှစ၍ဗန်းမော်- မြစ်ကြီးနား ကားလမ်းပြန်လည် ဖွင့်လှစ်ပြီ ဖြစ်ကြောင်းသိ၍ ပြန်လာခြင်း ဖြစ်သည်။ ဗန်းမော်-လွယ်ဂျယ်ခရီးကို ဗင်ကား နှင့် စီးခဲ့ရာ စစ်တပ်ဂိတ် များစွာ ဖြတ်ခဲ့ရသည်။ အချို့ဂိတ်များ တွင် ယာဉ်မောင်း သတင်းပို့ခြင်းမှ အပစစ်ဆေး မေးမြန်းခြင်းမရှိ၍ တိုးတက် ပြောင်းလဲလာသော အစိုးရတပ်ကိုချီးမွမ်းချင် စိတ်နှင့် မိုးမောက်မြို့သို့ ချဉ်းကပ်လာခဲ့သည်။ ပြသနာစပြီ။ မိုးမောက်မြို့ အ၀င်အောက်ချိုင့် ကဣိလ်ပင် ရိပ်တန်းအောက်တွင်အရပ်ဝတ်ဖြင့် လူ (၁၀) ဦးခန့် ကားတားသည်။ စွမ်းအားရှင်များလော၊ လက်ပါးစေများလော၊ သေချာမသိပါ၊ ခရီးသည် ပြည်သူတွေကို ကူညီသူများ မဟုတ်မှန်းတော့ သူတို့၏ မျက်နှာ၊ အမှုအရာများကြောင့် သိရသည်။ လူငယ်များ ဖြစ်ကြသည်။ အရပ်ကောင်းကောင်း နှင့် လူတစ်ယောက် ရုပ်ရှင်ထဲက ဓမြ ဗိုလ်စတိုင် နှင့် ကားရှေ့ခါးထောက်ရပ်ပြီး ခရီးသည်များ ကို သားကောင် ပမာ စူးစိုက် ကြည့်နေသည်။ တလောကလုံး သူ့ဆန်စား နေတဲ့ သူများ ဟုစိတ်ထင်နှင့် သွေးနားထင် ရောက်နေ တဲ့ ဂိုက်အပြည့်။ တပည့် လက်ပါးစေများ စတင်လှုပ်ရှား ကြသည်။ မှတ်ပုံတင် စစ်သည်။ လူကိုမေးသည်။ ကချင်ကို စပါယ်ရှယ် စစ်သည်။ လက်ဆွဲအိတ်များကို အစိတ်စိတ်အမွှာမွှာ စစ်သည်။ Glue Stick ဟုစာတန်းပါသော ကော်ချောင်းကို ပင်လျှာ နှင့် လျှက်ကြည့်သည်။ သနားစရာသကောင့် သားပေတည်း။ ပြည်သူကိုသရေခံ (တရားခံ) လိုဆက်ဆံသည်၊ ပြောဆိုဆက်ဆံခြင်းအရာမှာ စာသင်ကျောင်းနှင့် ကင်၊ ဝေးနေ ကြပုံများ။ ကိုယ့်မိဘ မောင်နှမများကို သူတို့လုပ်ပုံနဲ့များ ဆိုရင်နေသာပါ့မလား၊ ဒါတွေသူတို့ သိပုံမရ၊ အဏာပါးကွက်သား လုပ်ရာမှာ နေသား ကျပျော်မွေ့နေ ကြသည်၊ ပြုံးပျော်ချိန်ရှိ ပါ့မလား မပြောတတ်၊ ကျွန်အားရအောင် စစ်ပါသော်လည်း အပြစ်ရှာမတွေ့တော့ အီးနင်းမျက်နှာ နှင့် ပြန်လွတ်လိုက် ရသည်။ ခါးထောက်ရပ်နေသည့် သကောင့်သား ဂါမဏိ သဘောတွေ့ပုံမရ။
ထိုည ဗန်းမော်မြို့မှာ တည်း ခိုခဲ့သည်။ နောက်နေ့ ဗန်းမော်-မြစ်ကြီးနား ဗင်ကား ဖြင့် ခရီးဆက် ခဲ့သည်။ ဂိတ်ပေါင်း (၃၀) ကျော်ရှိကြောင်း ကားဆရာမှ သိရသည်။ မှန်လိုက်လေခြင်း၊ ငယ်စဉ်ခါ ကျက်မှတ် ဖူးသည့် (၁၂)လက်မတစ်ပေ၊ (၃) ပေ တစ်ကိုက်ဆိုတဲ့ (မတ္တရစ်) အတိုင်းအတာ ကိုသတိရသည်၊ မြန်မာ အတိုင်းအတာမှာ (၃) ပေ တစ်ကိုက်အစား၊ (၃) ပေ တစ်ဂိတ် ဟုပြောင်းလဲ ကျက်မှတ်ကြပါကုန်။ ပေါလိုက်တဲ့ ဂိတ်၊ (၁၅) ပေ ခန့်ရှိ တဲ့ တံတား ၂ ဖက်စ လုံး ဂိတ်ရှိသည်။ စစ် ဆေး ကြသည် အဟုတ်။ ကားဆရာ က ခရီးသည်များ ရဲ့ အမည်၊ မှတ်ပုံတင်၊ လူမျိုး၊ အဘအမည်၊ နေရပ် လိပ်စာ၊ ယာဉ်အမှတ်၊ ယာဉ်မောင်း (data) အစုံ ကိုပုံစံဖြည့်ပြီးမိတ္တူ အစောင် (၃၀) ထက်မနည်း ဆောင် ယူပြီး ဂိတ် တိုင်းပေးရသည်။ တချို့ဂိတ်များ၌ မှတ်ပုံတင်စစ်သည် (တရုတ် မှအပတိုင်းရင်းသား အားလုံး စစ်ခံရသည်။ တရုတ်များ ပိုက်ဆံပါရသည်)။
ယဉ်ကျေးစွာဆက်ဆံ စစ်ဆေး သည် လူယဉ်ကျေး စစ်သားများလည်း ရှိ ကြသည်။ ကြည်ဖြူသည်၊ ပြသနာမရှိ၊ ဒီလိုနဲ့ချီးမွမ်းခန်းဖွင့်မယ်ကြံနေတုန်းဟော့ ကစူး တံတားနားကစစ်တပ်ဂိတ်ရောက်ခဲ့ ပြီ။ ဘယ်မိဘကမွေးတဲ့ရဲဘော်မှန်း မသိကြုံးဝါးပြန်ပြီ၊ “အားလုံး မှတ်ပုံတင်ကိုင်ပြီးဆင်းခဲ့ကြ” တဲ့၊ မောက်မာရိုင်းစိုင်းမှု အပြည့်၊ ကင်းတဲအတွင်းထိုင်နေရာက မထအော်ငေါက် နေ ချေပြီ။ ခရီးသည် များမှာ ထိုရဲဘော်၏ စစ်အာဏာ အမိန့်တော် အတိုင်း ယာယီတရားခံ ဖြစ်ရပြန်သည်၊ မှတ်ပုံတင်ကြည့်သည်၊ လူ့မျက်နှာကို ကိုက်ဖြဲမတတ် ကြည့်သည်၊ ခက်ထန်စွာမေး မြန်းစစ်ကြောသည်၊ “ကချင်” ဆိုတာနဲ့ သေနတ် ဘယ်မှာ ထားခဲ့သလဲမေးသည်။ ကားပေါ်မှ ပစ္စည်းများမြေလှန်ရှာဖွေကြသည်။ အပြစ်ရှာ မတွေ့တဲ့အဆုံး ပြန်ထွက်ခဲ့ရသည်။
ထိုထိုကဲ့သို့ သောရိုင်းရိုင်းဆက်ဆံမှုများကို ခံခဲ့ရပါသော်လည်း “သြော်-သူတို့လက်မှာ သေနတ် ကိုင်ထားတာကိုး” ဟုသာ ကြိတ်မှိတ် ဖြေသိမ့်ရင်း မြစ်ကြီးနား မြို့သို့ရောက်ခဲ့ရပါသည်။
စဉ်စားသင့်သည်မှာ ဤကဲ့သို့ စစ်အနိဌာရုံ ထူထပ်သောလမ်း ခရီးကိုသတင်း ကြား ရုံဖြင့် ပင်သွား လာဝံစရာ အကြောင်း မရှိပါ။ မလွဲမရှောင်သာ၍သာ အရဲစွန့် သွား လာ ကြသူများ သာ ဖြစ်ကြသည်။ ပျော်ပွဲစား ထွက်သူများ၊ သင်္ကြန်ရေပက်ခံ ထွက်သူများ မဟုတ်ပါ။ ကုန်ကူး သူများ ပင်မပါကြပါ။ စစ်ဆေးခြင်း ဆိုရာ မှာ လည်း ဘာကို စစ်ဆေးသည် အဖြေမသိ၊ လက်နက်လည်း ပြည်သူမှာမရှိ၊ မူးယစ်ဆေးဝါး ကုန်ကူးတာလည်း ပြည်သူနဲ့မဆိုင်၊ အာဏာရစစ်ခေါင်း ဆောင်အချို့လေလံဆွဲလိုက်ကြပြီး အထူးယာဉ်တန်း၊ ရဟတ်ယာဉ်များဖြင့် ဖြန့်ဖြူး ကြကြောင်း အားလုံးအသိ ဖြစ်သည်။ လက်နက်နှင့် အာဏာရှိ သူများ ရဲ့စီးပွား ရေးသာ ဖြစ်သည်။ ပြောပြလိုက် ဦးမည် မူးယစ်ဆေးဝါးရှာ ဖွေပါက အစိုးရထိန်ချုပ်မြေဖြစ်တဲ့ ဆထုံးနယ်၊ ကန်ပိုက်တီနယ်၊ စင်ကြိုင်နယ် တစ်လျှောက်ဘိန်းခင်းများ လမ်းဘေးဝဲယာရှုမငြိးဖွယ်ရှိသည်။ မြန်မာ စိုက်ပျိုးရေးစီမံကိန်းမှာ ဘိန်းခင်းအောင်မြင်သင့်၊ မြန်မာ့ဘိန်းများ ကမ္ဘာမှာလွမ်း စေရမည်ဆောင်ပုဒ် စိုက်ထူသင့်သည်။
KIA ကိုရှာ ဖွေသည်ဆိုပါကလည်း အဓိပ္ပာယ်မရှိပြန်၊ တကမ္ဘာလုံးရှိကချင်များ KIA သာဖြစ်ကြောင်းမှတ်သား သင့်ပေသည်။ တိုင်းရင်းသား အားလုံးသူပုန်ဟုမှတ် ယူနိုင်သည်၊ နိုင်ငံသားအားလုံးစစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်ကြသူများ သာဖြစ်ကြသည်။ ၁၇ (၁) ပုဒ်မ တပ်မည်ဆိုပါကလည်း ဦးအောင်မင်း တို့ငြိမ်းချမ်းရေးဖော်ဆောင် သူများကို အရင်ဖမ်းချုပ်သင့်သည်။ သူပုန်ခေါင်းဆောင်များနှင့် တွေ့ဆုံသူများ၊ ရင်းနှီးသူများ ဖြစ်ကြသည်။
ဖော်ပြခဲ့သော အရာများ သည်လမ်းခရီးအစဉ်မပြေမှုမှ ယိုစီးလာသောနာကျည်း မှုအပိုင်းအစမျှသာဖြစ်သည်။ အိမ်ပြန်ရောက်ပြီး ဖန်သား ပြင်ဟိုဟို ဒီဒီ ကလိကြည့်တော့ “ဧရာဝတီ” ဆိုတဲ့ ကလောင်နဲ့ရေးထားတဲ့ “ကချင်စစ်ပွဲများအပြီးလမ်းပမ်းဆက်သွယ်ရေး” ဆိုတဲ့စာမူကိုထောက်မိတယ်၊ (data) စုံလင်စွာ နဲ့ ဖော်ပြထားတာကို တွေ့ရတယ်၊ ထောက်ခံပါတယ်၊ ဒါပေမဲ့ “လမ်းမှာအစစ်အဆေး တော့ထင်သလောက်မများပါဘူး” ဆိုတဲ့စာကြောင်းလေးကို ဆန့်ကျင်ရင်းနားကျည်းချက်ကို အဆုံးသတ် လိုက်ရပါတယ်ဟူလတ္တံ့။
(ဒွတ္တဘောင်)
MATUT HTI NA »
ကေအိုင်အေ တပ်ရင်း (၁၇) နယ်မြေတွင် တိုက်ပွဲဖြစ်ပွား
ဧပရယ် (၁၉) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) နယ်မြေဖြစ်သော ဆတ်ခုန်းချောင်အနီးတွင် ဗိုလ်ကြီး လဟုန်ဒိုင်ဇောင်း ဦးဆောင်သော တရင်း (၁၇) မှ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ ဧပရယ် (၁၈) ရက်နေ့တွင် တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
MATUT HTI NA »
မှန်ဂျပ်တွင် တိုက်ပွဲဖြစ်ပွား
ဧပရယ် (၁၉) သောကြာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက် တပ်ရင်း (၉)၊ နယ်မြေဖြစ်သော မုန်းလီတောင် အနီး မန်ဂျပ် ကျေးရွာတွင် ဗမာစစ်တပ်များနှင့် တပ်ခွဲ (၃) မှ ကေအိုင်အေမျိုးချစ်ရဲဘော်များ ဧပရယ် (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
MATUT HTI NA »
ဝမရှိပဲ ဝိလုပ်တဲ့သူတွေ
ကာချုပ်ကိုယ်တိုင် စီမံနေတာတောင် စစ်သားတွေ ထမင်းမဝတာ ဘာလုပ်ပေးရမှာလဲ။ ဘတ်ဂျက်လဲ သူတို့တင်သလောက်ရတာပဲ။
နိုင်ငံရေးလဲ သူတို့ဝင်ပါတာပဲ။ ဦးပိုင်လဲ သူတို့ပိုင်တာပဲ။ ပြည်သူတွေ ဘာလုပ်ပေးရဦးမလဲ။ ပြည်သူအများစုက စစ်တပ်ကိုဘုန်းကြီးတွေလို ဆွမ်းပို့ပေးရဦးမှာလား။ စစ်ဗိုလ်ချုပ်တွေ ဘယ်နှစ်ယောက် ဆင်းရဲနေလဲ။ သူတို့လုပ်ဖော်ကိုင်ဖက် အောက်လက်ငယ်သားတောင် သူတို့မသနားပဲ သူတို့ အခွင့်ထူးခံနေတာ ပြည်သူ့တာဝန်ပဲလား။
ကျနော်ထင်တာတော့ စစ်မှုမထမ်းမနေရထက် လက်ရှိစစ်သားလျှော့သင့်တယ်။ အရည်တွက်ထက် အရည်ချင်း လိုတယ်။ မြန်မာထက်ကြီးတဲ့အော်စီတောင် စစ်သား ၈၀၀၀၀ ပဲ မြန်မာပြည်က လေးသိန်းငါးသိန်းတောင်။ လေးငါးသိန်း ရှိတာတောင် ဝတောင် နိုင်တာ မဟုတ်ဘူး။ နိုင်ငံရေးဝင်မလုပ်ပဲ ကိုယ့်နေရာကိုနေရင် ထမင်းဝလာပါမယ်။ ဒီလောက်ဆင်းရဲတဲ့နိုင်ငံမှာ ဒီလောက်လူအများကြီးကို ကျွေးထားတာ ဝန်ထုပ်ဝန်ပိုးပဲ။ ဘုန်းကြီးတွေလဲ ၅သိန်းလောက်ရှိတယ်။ ဘာသာရေးစော်ကားတာ မဟုတ်ပါ။ လုပ်စားတဲ့ ဘုန်းကြီးတွေအများကြီး သာသနာ သန့်အောင်လုပ်သင့်တယ်။ ကျနော်မြင်ဖူးတဲ့ ရွာတွေမှာဆို ဘုန်းကြီးတွေ ငွေတိုးတောင် ချသေးတယ်။ ကားဆိုလဲ ခင်ညွန့်လက်ထက်ထဲက နယ်စပ်ကလာတဲ့ without ကားအကောင်းစားတွေ 4wheels driveတွေ ခုထိပဲ။ လူတွေမှာ ပိုက်ဆံပိုတာနဲ့ အလှူကြီးပေးတာနဲ့ အိမ်နီးချင်း နိုင်ငံကျွန်ခံရပြန်ရော။ တကယ်ပြောတာ။ စစ်တပ်ရော ဘာသာရေးကောနှိပ်စက်တော့ ပြည်သူတွေ မွဲကုန်တာ။ ကိုယ့်အလုပ်ကို လုပ်ရင် ဘာပြသနာမှ တက်မှာမဟုတ်ဘူး။ နိုင်ငံချမ်းသာနေရင် စစ်မှုမထမ်းမနေရ လုပ်တာ သဘာဝကျပါတယ်။ ဒီလောက်မွဲနေတာ စစ်မှုမထမ်းမနေရဆိုတော့ ရီစရာပဲ။ အဲလိုဖြစ်ချင်ရင် ချမ်းသာအောင် အရင်လုပ်ကြပါဦး။ ဝမရှိပဲ ဝိလုပ်တာ ငတ်ရုံပဲရှိမယ်။
ကောင်ဆိုးလေး
MATUT HTI NA »
Subscribe to:
Posts (Atom)








.jpg)




.jpg)
.jpg)
+garum.jpg)
